လူမျိုးတိုင်း အရေးပါပါတယ်

"လူမျိုးတိုင်းက အရေးပါပါတယ်"
 
George Flyd ဆိုတဲ့ လူမည်းတစ်ယောက် လူဖြူရဲတွေရဲ့ မတရား အသတ်မခံခင် ယခင် ကတည်းက လူမည်း အခွင့်ထူးရရှိမှုက တစ်ခြားသော အသားအရောင်ရှိတဲ့လူမျိုးတွေအတွက် အခွင့်အရေး ချိန်ခွင် တိမ်းစောင်သွားတာတွေရှိခဲ့ပါတယ်။
ဥပမာ
နည်းပညာကြီး ကုမ္ပဏီတွေ (FAANG companies) ကိုယ်တိုင် အလုပ်အကိုင် ကြေငြာစာမှာ လူမည်းဖြစ်ရမယ်လို့ ကြေငြာထားတာတွေ ရှိခဲ့ပါတယ်။
 
ဥပမာ
ကုမ္ပဏီတွေမှာ ကိုယ့်ကုမ္ပဏီသည် လူမည်းနှင့် လူမျိုးစုံ အခွင့်အရေးပေးကြောင်း ပြသချင်တဲ့အခါမှာ အလုပ်လာလျှောက်တဲ့သူထဲက လူမည်း၊ လိင်တူချစ်သူတွေကိုသာ ဦးစားပေးတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ လူဖြူ၊ လူဖြောင့် တွေ အလုပ်ရဖို့ ခက်ခဲ့သွားပါတယ်။
 
လူမျိုးရေး အခွင့်အရေး ချိန်ခွင်မှာ တရားမျှတဖို့အတွက် ကြိုးစားတဲ့အခါမှာ ဆန့်ကျင့်ဖက်ခြမ် မှာလည်း ရေချိန်မလျှော့ဖို့ လိုအပ်ပါတယ်။
 
ဒီလိုပဲ
လူမျိုးကြီးဝါဒကို တိုက်ဖျက်ရင်းနဲ့ လူမျိုးကြီး မဆန်သွားဖို့လည်း သတိချပ်ဖို့လိုပါတယ်။
 
ဒီလိုပဲ
အမျိုးသမီး အခွင့်ရေး အတွက်ကြိုးစားရင်း အမျိုးသား မဆန်မိသွားဖို့လည်း လိုပါတယ်။
 
ဒီလိုပဲ
လိင်တူ/ဒွိလိင်ချစ်သူအခွင့်အရေးအတွက် ကြိုးစားရင်း ဖိ/မ ချစ်တူများကိုလည်း မကဲ့ရဲ့မိဖို့ လိုပါတယ်။
 
ဒီလိုပဲ
အာဏာရှင်စနစ်ကို တိုက်ဖျက်ရင်း အာဏာရှင် မဆန်မိသွားဖို့ လိုပါတယ်။
 
ဆိုလိုတာက ဝါဒကို ဆန့်ကျင်တိုက်ဖျက်ရင်း ဝါဒမဆန်သွားဖို့ပါပဲ။
 
ချိန်ခွင်ရဲ့ လက်ယာ အစွန်းယောက်သမား (လက်ယာစွန်း) သို့မဟုတ် လက်ဝဲ အစွန်းယောက်သမားများ (လက်ဝဲစွန်း) မဖြစ်ဖို့ လိုအပ်ပါတယ်။
 
ဒါဆိုရင် ကျွန်တော်တို့ Black Lives Matter လိုမျိုး ထအော်နေတဲ့အချိန်မှာ ကျွန်တော်တို့ All Lives Matter လို ထအော်သင့်သလား?
 
တစ်ခါ ယေရှုက သူတပည့်တော်တွေကို ပျောက်သောသိုးအကြောင်းပြောတဲ့အခါ တပည့်တော်တွေက "သခင်, သိုးထိန်းက ဘာလို့ ပျောက်သောသိုးတစ်ကောင် ရှာဖို့ သိုး ၉၉ ကောင်ကို ဂရုမစိုက်ပဲ ထားခဲ့တာလဲ"
 
သခင်ယေရှုက "ကျန်ခဲ့တဲ့ ၉၉ ကောင်က ဂရုမစိုက်တာမဟုတ်ဘူး၊ သူတို့က အရေးပါပါတယ်။ ဒါပေမဲ့ သူတို့က ဒုက္ခ အန္တရာယ် ကျရောက်နေတဲ့သူမဟုတ်ဘူး"
 
Black Lives Matter ဖြစ်နေတဲ့အချိန်မှာ All Lives Matter ထအော်ဖို့က မသင့်လျော်ပါဘူး။
 
 
ဒါပေမဲ့ အခုလိုတော်လှန်ရေးကာလမှာ ကျားမဒွိလိင် လူမျိုးမရွေး ဒုက္ခခံနေရတာပဲ၊ အားလုံးရေနစ်နေကြတာပဲ။ ဒါပေမဲ့ ပြည်မကြီးရဲ့ ရေနစ်နေတဲ့ အခြေအနေဆိုတာ အသက်ကယ်လှေတွေရှိနေတာ၊ ရေကူးတတ်တဲ့လူတွေရှိနေတာ၊ ကမ်းနဲ့ နီးတဲ့ အခြေအနေတွေပါပဲ။
 
ဒါပေမဲ့ လူတိုင်း လူမျိုးတိုင်း အရေးပါပါတယ်။
 
ဒါပေမဲ့ ...
" တိုင်ရင်းသားတွေရဲ့ အခွင့်အရေးဆိုတာ (ပြည်မ)ထမင်းစားပွဲက ကျလာတဲ့ ထမင်းစေ့စားရတဲ့ အခွင့်လောက်ပဲ ရှိပါတယ် "
— DVB Debate တစ်ခုမှာ ဆရာတစ်ယောက်ရဲ့စကားကို ရောသမမွှေ ပြီး ကောက်နုတ်ချက်
 
ဒီစာစုကို ဒီမှာပဲ နိဂုန်းချူပ်ရရင်
အရေးပါနေချင်တာလား? အရေးပါနေတာလား? ခွဲခြားသိမြင်နိုင်ကြပါစေ။